ကညွတ်ပင်မှာ အဓိက ဆေးဘက်ဝင်တာကတော့ အမြစ်ပဲ ဖြစ်ပါတယ်။

၁။ ကညွတ်ပင်ရဲ့ အမြစ်ကို ချက်စားပြီးဖြစ်စေ၊ နွားနို့နဲ့အတူ နို့ထမင်းပြုလုပ်ပြီးဖြစ်စေ စားရင် အားဖြစ်စေတယ်လို့ ဆိုကြတယ်။

၂။ ကညွတ်မြစ်ဥ အရည်ကို ကြိုချက်လို့ရတဲ့အဆီနဲ့လိမ်းပေးခြင်းဖြင့် အဆစ်ရောင်ခြင်း၊ ကိုက်ခြင်းနဲ့ လေရောဂါတို့ကို ပျောက်ကင်းနိုင်ပါတယ်။

၃။ ကညွတ်မြစ်အရည်ကို ပျားရည်၊ နွားနို့တို့နဲ့ ရောသောက်ရင် ပူ၊ အောင့်၊ ကိုက်ခဲ စတဲ့ သည်းခြေရောဂါတွေ ပျောက်ကင်းနိုင်ပါတယ်။

၎။ ကညွတ်မြစ်ရည်ကို နွားနို့နဲ့ ဆတူရောသောက်မယ်ဆိုရင်တော့ ကြာရှည်စွဲကပ်နေတဲ့ ကျောက်တည်ရောဂါတောင် ပျောက်ကင်းနိုင်တဲ့အပြင် အမျိုးမျိုးသော အဆိပ်သင့်မှုတွေကိုလည်း ပျောက်ကင်းနိုင်တယ်လို့ ဆိုကြပါတယ်။

ကညွတ်အညွန့်ကို စားသုံးခြင်းဖြင့် လေကြေစေတယ်။ အင်အားကို ဖြည့်တင်းစေတယ်။ သွေးအားကေင်းစေလို့ သားဖွားပြီးမိခင်တွေ စားသုံးဖို့ သင့်လျော်ပါတယ်။

Comments

Popular posts from this blog