>>> ဟာကျူလီ A ရေဒီယို ဂလက်ဆီ <<<

ကမ္ဘာမှ အလင်းနှစ်ပေါင်း နှစ် ဘီလီယံ အကွာမှာတော့ အ၀ါရောင် ဘဲဥပုံ ဂလက်ဆီကြီးတစ်ခုရှိပါတယ်။ သူ့ရဲ့ ခလယ် ဗဟိုချက်ကတော့ နေထက် အဆပေါင်း ၂.၅ ဘီလီယံ အလေးချိန်ရှိတဲ့ တွင်းနက်ကြီး တစ်ခုပါဘဲ..
ကျနော်တို့ နဂါးငွေ့တန်း ဂလက်ဆီရဲ့ အလယ်ဗဟိုက တွင်းနက်ကြီးထက် ထုထည် အဆပေါင်း ၁၀၀၀ လောက် ကြီးမားပါတယ်။

အဲ့ဒီ့နေရာကနေပြီးတော့ အလွန် စွမ်းအင်မြင့်မားတဲ့ ရေဒီယိုလှိုင်းများကို ထုတ်လွှတ်နေပါတယ်။ နေက ထုတ်လွှတ်တဲ့ ရေဒီယို လှိုင်းများထက် အဆပေါင်း တစ်ဘီလီယံလောက် ပိုမို အားပြင်းပါတယ်။ စကြ၀ဠာအတွင်းမှာတော့ ရေဒီယိုလှိုင်း အလွှတ်ဆုံး နေရာပါဘဲ။

လက်တံကြီးဟာ အလင်းနှစ်ပေါင်း တစ်သန်းခွဲ ရှည်လျှားပါတယ်။ အပြင်ဘက် ပိုင်းကို မြင်နိုင်ပေမယ့် တွင်းနက်ကြီးနဲ့ နီးလာလေလေ မမြင်ရတော့လေလေ ပါဘဲ။ ပူပြင်းပြီး ဓါတ်ရောင်ခြည်များစွာ ပါဝင်တဲ့ ဓါတ်ငွေ့ တိမ်တိုက်ကြီးတွေလည်း ဖုံးအုပ်ထားပါတယ်။

ဟာကျူလီ A ဂလက်ဆီကြီးဟာ စကြ၀ဠာအတွင်းမှာ တွေ့ရှိခဲ့သမျှ ထုထည်အကြီးမားဆုံးနဲ့ အတောက်ပဆုံး ဂလက်ဆီကြီးတစ်ခု ဖြစ်ပါတော့တယ်။



 

Comments

Popular posts from this blog