Posts

Showing posts from January, 2014
လောကနီတိ 'နီတိ' ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ်၍ 'လမ်းညွှန်'ဟု အဓိပ္ပါယ် ဖွင့်ဆိုနိုင်ပေသည်။ လောကလူသားတို့ လိုက်နာအပ်သည့် လူမှုကျင့်ဝတ် နှင့် လူမှုစည်းကမ်းများ ဆိုင်ရာလမ်းညွှန်ထားချက်များ ကို ပေါင်းရုံး၍ လောကနီတိ ဟုခေါ်ဝေါ်သုံးနှုန်းခြင်းဖြစ်သည်။ ရှေးလူကြီးတွေ ထားရစ်ခဲ့သော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်း ပုံပြင်တွေကနေ ကောင်းနိုးရာရာတွေကို စုစည်းထားတဲ့ လူမှုဆိုင်ရာ လောကနီတိကျမ်းသည် ဘာသာမရွေး၊ လူမျိုးမရွေး၊ အရွယ်သုံးပါး လိုက်နာဖွယ် ကောင်းလှပါသည်။ လောကနီတိသည် ဘုရားဟောဟု မဆိုနိုင်သော်လည်း ဘုရားဟောကျမ်းဂန်များစွာမှ လောကီရေးရာများနှင့် ပတ်သက်သည့် အဆိုအမိန့်များကို ထုတ်နှုတ်၍ ထည့်သွင်းပြုစုထားသော ကျမ်းဖြစ်သည်။ နီတိသည် ပါဋ္ဌိဝေါဟာရဖြစ်သည်။ မြန်မာလို လမ်းညွှန်ဟု အဓိပ္ပါယ်ရသည်။ လောကနီတိသည် လောကအကြောင်းနှင့် စပ်လျဉ်း၍ ကြီးပွားတိုးတက်စေရန် ညွှန်ကြားသော လမ်းညွှန်ကျမ်းဖြစ်သည်။ စင်စစ် ဤကျမ်းသည် လောက၌ လူသားတို့၏ အနှစ်လည်းမည်၏။ မိဘလည်းမည်၏။ ဆရာလည်းမည်၏။ အဆွေခင်ပွန်း လည်းမည်၏။ ထိုကြောင့် ဤနီတိကျမ်းကို သင်ကြားတတ်မြောက်သော ယေ...
နက္ခတ်တွေမေးနေတယ်.သူတွေအတွက်ပါ မြန်မာမွေးသက္ကရာဇ်ကို (၃) နဲ့စားပါ။ (၁)-ကြွင်းရင်- နတ်နက္ခတ်။ (၂)-ကြွင်းရင်-လူနက္ခတ်။ (၀)-ကြွင်းရင်- ဘီလူးနက္ခတ်။ နက္ခတ်နဲ့ စရိုက်။ နတ်နက္ခတ်။ နတ်နက္ခတ်မွေးဖွားတဲ့ လူတွေဟာတဲ့ နှလုံးသား နူးညံ့ပျောပျောင်းတယ်။ သူတို့က အချော့ကြိုက်တယ်။ အလှအပ အနုအရွလေးတွေကို မြတ်နိုးတတ်တယ်။ ညင်ညင်သာသာ ဆက်ဆံတာကို ကြိုက်တယ်။ သူတို့ကို သွားပြီး ကြမ်းလို့ မရဘူး။ တိုးတိတ်ညင်သာစွာ ဆက်ဆံတာကို လိုချင်တယ်ဆိုတော့ သင် စဉ်းစားရမှာက သင်ဆက်ဆံရမယ့်လူက ဘာနက္ခတ်လဲပေါ့။ နတ်နက္ခတ်ဖြစ်နေပြီ ဆိုရင်တော့ ပထမဆုံး သင့်ရဲ့ အသံကို (၃)ပေါက်လောက်အထိ လျှော့ချပစ်ရမယ်။ လုံးဝ အသံလေးက နူးနူးညံ့ညံ့လေး။ ဟုတ်ပြီနော်။ သင်ပြောတဲ့ စကားသံလေးတွေ စကားလုံးလေးတွေက စပြီး သတိထားရတော့မယ်။ စကားလုံးလေးတွေက လည်း တကယ့်ကို အနုအရွလေးတွေနဲ့ ပြောရမယ်နော်။ အရေးကြီးတာက နတ်နက္ခတ်သမားကို သွားပြီး မအော်မိစေနဲ့နော်။ ဒါ အရေးကြီးဆုံးပဲ။ လူနက္ခတ်။ အဲ လာပြီ လူနက္ခတ်က တကယ့် ဆရာကြီးတွေ။ လူဆိုတော့ စဉ်းစား ဆင်ခြင်ညာဏ် များတယ်ပေါ့။ သူက ဘလိုင်းကြီး လက်မခံဘူး။ အကျိုးအကြောင်း ခိုင်ခိုင်လုံလုံနဲ့ ပြောမှ သူက လက်ခံတာ။ အသံအနေအထား ကတေ...
သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်ကပြောသောသင်၏အကြောင်း သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (1)ဂဏန်း ၁ လုံးပါသူများ။ အရေးထက် အပြောပိုကောင်း၏ ။ သူတစ်ပါး၏ အမြင်ကို ဂရုမစိုက်တတ်။ စကားအလွန်သွက်၏ ။ ဤ သူမျိုး၏ စကားသည် ရင်ထဲကမလာ။ ။ သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (1)ဂဏန်း ၂ လုံးပါသူများ။ (၁) လုံးပါသူ၏ အပြုအမူအားလုံး။ သူတစ်ပါး၏အမြင်ကို နားလည်တတ်သူဖြစ်၏ ။ သူတစ်ပါး၏ အပြုအမူကို အတုခိုး၏ ။ ဤအရည်အချင်းသည် ကောင်းမြတ်သောအရည်အချင်းဖြစ်၏ ။ မျှမျှတတပြုသူဖြစ်၏ ။ မှန်မှန်ကန်ကန် အရည်အချင်းကိုသုံးပါက အလွန်အကျိုးရှိ၏။ သင်၏အင်္ဂလိပ်မွေးသက္ကရာဇ်တွင် (1)ဂဏန်း ၃ လုံးပါသူများ။ စကားလုံး၊ စာအရေးအသားသုံးသပ်မှု ကျွမ်းကျင်သော အရည်အချင်းရှိ၏ ။ လက်ခံစိတ်ဝင်စားနိုင်အောင် ရေးနိုင်၏ ။ စာရေးဆရာ၊ သတင်းစာဆရာများသည် ဤဂဏန်းရှင်များဖြစ်ကြ၏ ။ အချို့မှာ စကားပြော အလွန်ညံ့ခြင်း၊ မထိန်းမသိမ်း တတွတ်တွတ်ပြောတတ်သူများ တွေ့ရတတ်၏။ အခြေခံအားဖြင့် ဥာဏ်ကောင်းသူများ၊ ပျော်ရွှင်စွာနေတတ်သူများဖြစ်၏ ။ အထူးသဖြင့် မိမိနှင့် ဘ၀တူသူကိုသာ ပေါင်းသင့်၏ ။ ။ ၄ လုံးအထက် / ရုပ်ရောစိတ်ပါလုပ်တတ်ခြင်း၊ အနားမယူတတ်ခြင်း၊ ...
Image
 ဣသရမူလီ ဆေးပင် ဣသရမူလီ ဆေးပင်က တော်တော်လေး အစွမ်းထက်တယ်..... ဘီ တို့ စီ တို့တော့ မသိဘူး အဆုတ်အတွက်တော့ တော်တော်ကောင်းတယ်..... အရွက်က ခါးတာတော့ တအားခါးတယ်..... ဒီအပင် မှန်လား မမှန်လားတော့ မသိဘူး.... ကျွန်တော့်တုန်းက အရွက် အခြောက်ကိုစားတာတောင် သေလောက်အောင်ခါးတယ်... ဒါပေမယ့် ကျန်းမာရေးကတော့ တော်တော့်ကို ကောင်းသွားတယ်.... *** B ပိုး C ပိုး သမားတွေ အတွက် သတင်းကောင်း *** ဒီပုံမှာပါတဲ့ အရွက်ကတော့ ဗိန္ဒောဆေးအခေါ် *ဣဿရမူလီ* လို့ခေါ်တယ်။ ဦးဟုတ်စိန်အဘိဓာန်မှာတော့ The Indian Brithwort (*Atistolochia indica)* သာမည ဣဿရီ တဲ့။ ရှမ်းဘာသာကတော့ ၀မ်လီနုတ်ယုံး *(၀၊ခ်ေလီခေူဂ့်ယုင်း*) လို့ခေါ်ပြီး တရုတ်အခေါ်ကတော့ *ခုံ့ရှော့တန်း* လို့ခေါ်တယ်။ အပင်ကတော့ အစိမ်းရောင် နွယ်ပင်တစ်မျိုးပါ။ ခွာညို၊ ခွာဖြူပန်းလို အိမ်မှာ အလှစိုက်ထားလေ့ရှိတယ်။ အပွင့်က ဥဒေါင်းငှက်နဲ့ ဆင်တူပြီး အဖြူ။ အ၀ါ၊ အစိမ်း၊ ခရမ်းရောင် အနဲငယ်သမ်းနေတယ်။ အသီးကတော့ ကင်းမွန်သီးလို ခပ်ဆင်ဆင်ဖြစ်ပြီး အရစ်(အရေးအကြောင်း) အမြောင့်ပါတယ်။ အရွက်ရဲ့ အရသာကတော့ နဲနဲဖန်သလိုလို၊ ကွမ်းရွက်ကဲ့သို့လဲ အနည်းငယ် ရှိန်းသလိုလိုဖြစ်ပြီး အရသာပေါ့တယ်။ ...
 တန်ဘိုး၇ှိသော LINK များ www.alexlazyclub.com • www.eaindrakyawzin.com • www.htunaeindrabo.com • www.khinethinkyi.com • www.luminn.com • www.lwinmoe.com • www.minmawkunn.com Others • www.myanmaryellowpages.biz • www.traveltomyanmar.com • www.burmalibrary.org • www.modins.net • www.burmeseclassic.com • www.shwedream.com • www.khayanpyareinmet.com • www.shwehinthar.com • www.minthila.com • www.KhaiMyanmar.com • www.myanmardotcom.com • www.rfa.org • www.lexiconstar.com • www.nawaratt.com • www.yarzarnewin.com ဖိုင်များသီချင်းများ တင်နိုင်သည့် sites များ • http://www.fileden.com/ • http://www.filefactory.com/ • http://www.filexoom.com/ • http://www.ripway.com/ • http://www.pages.google.com/ • http://www.mediafire.com/ • http://files-upload.com/ • http://www.wikiupload.com/ • http://upload2.net/ • http://www.filecrunch.com/ ပုံများတင်နိုင်သည့် sites များ • http://imageshack.us/ • http://photobucket.com/ Software Driver • www.windrivers.com • www.driverguide.com • www.helpdrivers...
ကျန်းမာရေးဆိုင်ရာ ►myanmarhealthcare ►myanmarmedicine.com ►ဒေါက်တာဝင်းသိန်း ►Drတင့်ဆွေဆေးပညာစာများ ►health.ngoinmyanmar ►မွန်သက်ပန် အင်္ဂလိပ်စာလေ့လာချင်ရင် ►လွယ်ကူလေ့လာအင်္ဂလိပ်စာ ►မိမိအသံထွက်မှန်မမှန်ဒီမှာစစ် ►ESL ►အွန်လိုင်းအင်္ဂလိပ်စာ သင်တန်းကျောင်း (အခမဲ့ပါ) သတင်းနဲ့ ဆိုင်ရာ ►ရာသီဥတုသတင်းများ ►မြန်မာတိုင်း(မ်) ►ခေတ်လူငယ် ►ကြေးမုံသတင်းစာ ►မြန်မာ့အလင်းသတင်းစာ ►Ecovision Business Jurnal ►CNN News ►guardian. ►နယူးယောက်တိုင်း(စ်) ►mrtv3 ►အင်တာနက်ဂျာနယ် ►ချယ်ရီအင်တာနက်လမ်းညွှန်(လင့်စုံတယ်) ►ရန်ကုန်မီဒီယာ ►ရွှေအမြုတေ ►people ►မြန်မာတိုင်း(စ်)အင်္ဂလိပ်လို ►royal-myanmar ►first-11 ►technical-sevenfont ► ELEVEN ► မြန်မာနက် ►ဈေးကွက် ►ပလန်းနက် စာအုပ်များ ►စာအုပ်စာပေကဏ္ဍ ►မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း ►သရဖူ ►ayeyarwaddylibrary ►Myanmar Ebooks ►ကာတွန်းများ ►၀ိညာဉ်သစ်စာကြည့်တိုက် ►mandalayicon.com ►panamiko ►shwejokes ►popular.cytroncom... ►shweone ►burmeseclassic E BOOK ►မာယာမဂ္ဂဇင်း ►အိမ်ရှင်မရဲ့ ဟင်းလက်ရာ ►မေတ္တာရပ်ဝန်းမီးဖိုဆောင်(လုလု) ►မြန်မာစာလုံးပေါင်းသတ်ပုံ ►မြန်မာစာမြန်မာစကား ►လောကအလှ ►မြန်မာဟာသများ...
Image
ဘဝအတွက် အရေးကြီးသော အရာများ သင့်ဘဝမှာ တန်ဖိုးအရှိဆုံး အရာသုံးခု (၁) နှိမ့်ချခြင်း၊ အောက်ကျို့ခြင်း (၂) စစ်မှန်သော စေတနာ (၃) ခင်မင်ရင်းနှီးမှု သင့်ဘဝကို ဖျက်ဆီးသော အရာသုံးခု (၁) အမုန်း (၂) မာန (၃) ဒေါသ သင့်ဘဝမှာ လူတစ်ယောက်အပေါ် ပြုမှုသင့်သော အရာသုံးခု (၁) လေးစားမှု ဘဝအတွက် အရေးကြီးသော အရာများ သင့်ဘဝမှာ တန်ဖိုးအရှိဆုံး အရာသုံးခု (၁) နှိမ့်ချခြင်း၊ အောက်ကျို့ခြင်း (၂) စစ်မှန်သော စေတနာ (၃) ခင်မင်ရင်းနှီးမှု သင့်ဘဝကို ဖျက်ဆီးသော အရာသုံးခု (၁) အမုန်း (၂) မာန (၃) ဒေါသ သင့်ဘဝမှာ လူတစ်ယောက်အပေါ် ပြုမှုသင့်သော အရာသုံးခု (၁) လေးစားမှု (၂) တန်ဖိုး (၃) ကျေးဇူး သင့်ဘဝမှာ ဘယ်တော့မှ မမေ့သင့်သော အရာသုံးခု (၁) ယုံကြည်မှု (၂) အချစ် (၃) မျှော်လင့်ချက် ထိုအရာတို့သည် သင့်ဘဝတွင် လိုက်နာဆောင်ရွက် သင့်သော အရာများပင် ဖြစ်ပေးသည်။  (၂) တန်ဖိုး (၃) ကျေးဇူး သင့်ဘဝမှာ ဘယ်တော့မှ မမေ့သင့်သော အရာသုံးခု (၁) ယုံကြည်မှု (၂) အချစ် (၃) မျှော်လင့်ချက် ထိုအရာတို့သည် သင့်ဘဝတွင် လိုက်နာဆောင်ရွက် သင့်သော အရာများပင် ဖြစ်ပေးသည်။ 
ကျန်းမာရေး သော့ချက်များ သော့(၁) WATER မနက်ရေတစ်ခွက်သောက်ခြင်းသည် ခန္ဓာကိုယ်နှင့်ရေ ညီမျှစေ၏။ သော့(၂) SLEEP အိပ်ချိန် ညာစောင်း၍ လေးကိုင်းသဏ္ဍာန်အိပ်ခြင်းသည် အိပ်ရေးဝစေ၏။ သော့(၃) APPETITE အစာကို ၇ပုံမျှသာအဝစားခြင်းသည် ခန္ဓာကိုယ်အား ကျန်းမာစေ၏။ သော့(၄) EXERCISE အားကစားလုပ်ခြင်းသည် စိတ်ခန္ဓာအား တက်ကြွစေ၏။ သော့(၅) MUSIC/LITERATURE ဂီတသည် နှလုံးကိုရွှင်စေ၏။ စာဖတ်ခြင်းသည် အသိဥာဏ်ကို တိုးစေ၏။ သော့(၆) BEANS ပဲအမြဲစားခြင်းဖြင့် အသက်ကိုစေရှည်သည်။ သော့(၇) VICES ဆေးလိပ်၊ အရက်ကို လက်ပြနှုတ်ဆက်ပါ။ သော့(၈) LOVE/SEX လိင်နှင့်အချစ်ကို ညီမျှပါစေ။ သော့(၉) LONELINESS အထီးကျန်ခြင်းက ရုန်းထွက်နိုင်လျှင် သင်ကျန်းမာပြီ။ သော့(၁ဝ) MIND ဦးနှောက်ကို မပြတ်သုံးပေးခြင်းဖြင့် အိုမင်းခြင်းကို ကာကွယ်နိုင်သည်။ သော့(၁၁) TEA ရေနွေးကြမ်း အမြဲသောက်သုံးခြင်းသည် ဝိတ်ကျစေ၏၊ ကင်ဆာကို ကာကွယ်ပေး၏၊ အရွယ်တင် နုပျိုစေ၏။ သော့(၁၂) SMILE ဘဝကို အပြုံးနဲ့ရင်ဆိုင်ပါ။ (ကြိုက်တာတွေ့ရင် ကူးယူနိုင်ပါသည်။ဖတ်ဖြစ်ဖို့သာလိုရင်းပါ)
    မနောမယ ယတြာများ ငွေခေါ်ရအောင် ဒီနည်းလေးက ကိုယ့်ဆီကို ငွေတွေရောက်လာဖို့ လှမ်းပြီးခေါ်တဲ့နည်းပါ။ မိမိရဲ့အလုပ်စားပွဲအပေါ်မှာ ငွေစကူတစ်ရွက်ဖြန့်ပြီးတင်ထားပါ။ ၅၀၀၀ တန်က အမြင့်ဆုံးဆိုတော့ ၅၀၀၀ တန်တင်ထားရင် ပိုကောင်းတာပေါ့။ ငွေစကူပေါ်မှာ သံလိုက်တုံးတစ်တုံးကိုတင်၊ သံလိုက်တုံးပေါ်မှာ နှင်းဆီပန်းလေးတစ်ပွင့်ကိုတင်ပြီး ငွေစကူပေါ်မှာ သံလိုက်တုံးကို ပွတ်တိုက်ရွေ့လျားရင်း ငွေတွေအများကြီး ၀င်ပါစေလို့ ဆုတောင်းရပါတယ်။ မနက်စောစောတွေမှာ လုပ်ရပါတယ်။  (အဘမင်းသိင်္ခ၏ ပညာမှတ်စု )
ဆင်းရဲသားတွေ “ဘာ” လိုသလဲ ပြင်သစ်နိုင်ငံတွင် Balaang ဟုခေါ်သော လူတစ်ဦးသည် ပုံတူပန်းချီကားများ ရောင်းဝယ်ခြင်းဖြစ် အသက်မွေးဝမ်းကျောင်းခဲ့သည်။ အချိန်(၁၀)နှစ်မတိုင်မီ ပြင်သစ်နိုင်ငံရှိ အချမ်းသာဆုံး စာရင်းဝင်လူ(၅၀)တွင် တစ်ဦး အပါအ၀င်ဖြစ်ခဲ့သည်။ (၁၉၉၈)ခုနှစ်တွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ပြီး သူ မကွယ်လွန်မီ မိမိ၏ခန္စာကိုယ်အား ဆေးရုံတွင် လှူဒါန်းခဲ့သည့်အပြင် ပြင်သစ်ငွေ ၁၀၀မီလီယံကို ဆင်းရဲခြင်းဟုသော လျှို့ဝှက်တံခါးကို ဖွင့်နိုင်သူအား ဆုငွေအဖြစ်ပေးရန် ချန်ထားရစ်ခဲ့သည်။ သူကွယ်လွန်ပြီး မကြာမီ ပြင်သစ်နိုင်ငံရှိ သတင်းစာတစ်စောင်တွင် သူရေးခဲ့သော သေတမ်းစာကို ထုတ်ပြန်ကြေညာခဲ့သည်။ သူ၏ သေတမ်းစာမှာ --- “ကျွန်တော်ဟာ အရင်က ဆင်းရဲတဲ့လူတစ်ယောက်ပါ။ ကွယ်လွန်တော့ သူဌေးဆိုတဲ့ဂုဏ်ပုဒ်နဲ့ ကောင်းကင်ဘုံကို သွားရမယ့်လူပါ။ ကောင်းကင်ဘုံကို မ၀င်ခင် ကျွန်တော် ဘာကြောင့်သူဌေးဖြစ်ရတယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို ကျွန်တော် သယ်မသွားချင်ပါဘူး။ အဲဒီလျှို့ဝှက်ချက်ကို ပြင်သစ်ဗဟိုဘဏ်က ကျွန်တော်ရဲ့ မီးခံသေတ္တာထဲမှာ သိမ်းဆည်းထားပါတယ်။ အဲဒီ သေတ္တာရဲ့သော့သုံးချောင်းကို ကျွန်တော်ရှေ့နေနဲ့ ကိုယ်စားလှယ်နှစ်ဦးဆီမှာ အပ်နှံထား...
သိမှတ်ဖွယ်ရာ ဗဟုသုတ ကမ္ဘာ့စာစုများ (၁) ၁၉၂၄ ခုနှစ်မှာ ဗြိတိသျှတို.က ၆၂ ဒီဂရီဖာရင်ဟိုက်မှာရှိတဲ့ ရေ ၁၀ ပေါင် နှင့် ညီမျှသောပမာဏ အလေးချိန်ကို " ဂါလံ " လို့ သတ်မှတ ...်ခဲ့ပါတယ် ။ (၂) ဟိုးအရင်က စစ်ပွဲတွေမှာ တပ်ဖွဲ့ တွေ မပျက်မစီး မဆုံးရှုံးပဲ ကိုယ့်ရပ်ရွာကိုပြန်လာနိုင်ရင် " 0 killed" လို့ရေးပြီးပြန်လာကြပါတယ်တဲ့... အဲဒီကနေ ယခုကျွန်မ တို့တွေ ပြောနေတဲ့ "OK "ဆိုတဲ့ စကားဖြစ်လာခဲ့ပါတယ်။ (၃) Cupid ဆိုတာ ဂရိ ပုံပြင်များမှ အချစ်နတ်သမီး Venus ရဲ့သားတော် ဖြစ်ပါတယ် ။ ပျော်ပျော်နေတတ်ပြီး သူ့ ရဲ့ မြားချက်ထိမှန်ခံရသူဟာ ပထမဦးဆုံးတွေ့ တဲ့ သူ ကို ချစ်မိသွားတယ်လို့ ယုံကြည်ကြပါတယ် ။ ဒါကြောင့် သူ့ ကို မြန်မာလို အချစ်နတ်သားလေး ခေါ်( မြားနတ်မောင် ) လို့သတ်မှတ်ကြတာပါ ။ (၄) " ဘီလူး " ဟူသောစကားဟာ ဘီရု ဟူသော ပါဠိစကားမှ ဆင်းသက်လာခြင်းဖြစ်သည် ။ " ကြောက်ရွံ့ဖွယ်ကောင်းသော သတ္တ၀ါ " ဟု အဓိပ္ပါယ်ရပါသည် ။ (၅)"ပုဏ္ဏကတိုက်ခြင်း" ကို အင်္ဂလိပ်လို " Pottergeist "(ပိုတာဂျိုက်စ်)လို့ ခေါ်ပါတယ် ။ ဂျာမန်ဘာသာစကားမှ ဆင်းသက်လာတာပါ ။ " Noisy ghost ...