"ရိုက်ပေါက်"
တခါက... ...
စကားပြောရင် အပိုမပြော တိုတိုပြတ်ပြတ်ပဲ ပြောတတ်တဲ့ လူတစ်ယောက်ရှိသတဲ့
တနေ့တော့ သူ့အိမ်ပေါက်ကို အမျိုးသမီးအရောင်းကိုယ်စားလှယ်တစ်ယောက် ရောက်လာတယ်...
"ကျမတို့ ကုမ္မဏီကထုတ်တဲ့ အလှကုန်ပစ္စည်းတချို့ ကြော်ငြာချင်လို့ပါရှင့်"
"အင်း..."
"ဦးရဲ့ အမျိုးသမီးရော?"
"အလုပ်သွားတယ်"
"သူပြန်လာမှာလား"
"အင်း..."
"ကျမ ထိုင်စောင့်မယ်နော်"
"စောင့်ပေါ့"
ဒီလိုနဲ့ ဧည့်ခန်းမှာထိုင်စောင့်နေတယ်
တစ်နာရီနဲ့လည်း မလာ
နှစ်နာရီနဲ့လည်း မလာ
သုံးနာရီနဲ့လည်း မလာ
... ဆိုတော့ အရောင်းကိုယ်စားလှယ်လည်း နည်းနည်း စိတ်ညစ်လာပြီး အိမ်ရှင်ကို မေးတာပေါ့... ...
"ဦးရဲ့ အမျိုးသမီးကလည်း ကြာလိုက်တာနော်"
"အင်း..."
"ဘယ်တော့ ပြန်လာမှာလဲ"
"နောက်နှစ်ကုန်လောက်မှ"
"ရှင်... ဦး ခုနကပြောတော့ သူက အလုပ်သွားတာဆို"
"သူ့အလုပ်က စင်္ကာပူမှာ"
သွေးတိုးရောဂါ ပျောက်ကင်းစေနိုင်သည့် အစွမ်းထက် တိုင်းရင်းဆေး တစ်လက် မြန်မာနိုင်ငံ၏ လူဦးရေသန်း ၆ဝ ခန့်မှာ သွေးတိုးရောဂါ ခံစားနေရသူ ယခင်နှစ်များထက် ပို၍ မြင့်တက်လာ နေကြောင်း အရှေ့တောင်အာရှ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ စစ်တမ်းများ အရ သိရသည်။ ထို သွေးတိုးရောဂါကို ပြည်ပ နိုင်ငံခြား ဆေးဝါးများဖြင့် ကုသနိုင်သကဲ့သို့ မိရိုးဖလာ တိုင်းရင်းဆေးများ ဖြစ်သည့် အစွမ်းထက် ဆေးဝါးများဖြင့် ကုသ ပျောက်ကင်း စေနိုင်သည်။ ရှေးမြန်မာ မင်းများလက်ထက် ကတည်းက သွေးလေ ညီညွတ်စေရန် ဟင်းပွဲများတွင် အစာလည်းဆေး ဆေးလည်းအစာ ဆိုသကဲ့သို့ ပွဲတော် တည်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်မျှတသော အရာများကို ဖြည့်စွက် မှီဝဲ သုံးစွဲတော် မူလေသည်။ ထိုဟင်းပွဲများထဲတွင် သွေးတိုးရောဂါ ပျောက်ကင်းစေနိုင်သည့် ဒန့်သလွန်ရွက် ဟင်းချို၊ မြင်းခွာရွက်သုပ်၊ မြင်းခွာရွက် ဟင်းခါးနှင့် ခံတက်ရွက် ဟင်းချိုတို့ဖြစ်သည်။ ထို့အပြင် ဒန့်သလွန်ရွက် သတ္တုရည်ကို ဟင်းစားဇွန်းနှစ်ဇွန်း တစ်နေ့လျှင် နှစ်ကြိမ်ထက် မနည်း သောက်သုံး ကပျောက်ကင်း စေနိုင်သကဲ့သို့ ဧကရာဇ်အရွက်နှင့် အမြစ်တို့ကို တစ်နေ့လျှင် သုံးကြိမ်မျှ သတ္တုရည်အဖြစ် ပြုလုပ် သောက်သုံးပါက သွေး...
Comments
Post a Comment