ချစ်သူနဲ့ စကားများရန်ဖြစ်တာကို ဘယ်လိုရပ်တန့်မလဲ ချစ်သူတွကြားမှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုသလို ချစ်ကြ၊ကြိုက်ကြ၊ စကားတွေများကြ၊ ပြန်အဆင်ပြေသွားကြနဲ့ လည်ပတ်နေတာက ပုံမှန်ကိစ္စတစ်ခုပါပဲ။ တက်ာချစ်ကြနဲ့ ချစ်သူတွေကြားမှာ ရန်ဖြစ်တာက ရှောင်လွှဲလို့မရတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမယ့် ရန်ဖြစ်ရတော့မယ်ဆိုရင် အဆိုးဆုံးအခြေအနေတွေအထိ မကောက်ခင် ရပ်တန့်အဆုံးသတ်လိုက်နိုင်တဲ့ နည်းလမ်းတစ်ချို့တော့ ရှိပါတယ်။ ၁။ စကားကို နူးညံ့ညင်သာစွာပြောပါ ဘယ်သူမဆို ဒေါသထွက်လာရင် လေသံမာလာတတ်ပါတယ်။ အပြန်အလှန် လေသံမာမာပြောဆို အော်ဟစ်နေဖို့ထက် စိတ်ကိုတည်ငြိမ်အောင်ကြိုးစားပြီး ဖြည်းဖြည်းညင်ညင်သာသာပြောပါ။ ၂။ မဆဲဆိုပါနဲ့ တစ်ခါတစ်လေမှာ ချစ်သူနှစ်ဦးကြား ရန်ဖြစ်စကားများကြတဲ့ အဓိက အကြောင်းရင်းထက် ဒေါသတကြီး အော်ဟစ်ဆဲဆိုမိတာကြောင့် ကိစ္စက ပိုမိုကြီးမားလာတတ်ပါတယ်။ ဒါကြောင့် မဆိုင်တာတွေကို ဆွဲမထည့်ပဲ အငြင်းပွားနေတာကို ပြေလည်အောင် ညှိနှိုင်းဖို့ကိုညဦးစားပေးပါ။ ၃။ အာရုံစိုက်ထားပါ ချစ်သူနဲ့ အငြင်းပွားရာမှာ သင့်ဖက်က တစ်ခုခုပြောလိုက်ရင် သင့်ကောင်မလေးကလည်း မခံချင်စရာတစ်ခုခုပြောပြီး ပြန်တိုက်ခိုက်မှာ ေ...
Posts
Showing posts from 2025