Get link Facebook X Pinterest Email Other Apps December 26, 2013 >>> အိုရီယွန် (ခ) မုဆိုးကြယ်တာရာမှ ကြယ်များအကြောင်း <<< ဘီတာလဂျူ့စ် (Betelgeuse) (နန်းဦးပြင်းကြယ်) ဒီကြယ်ဟာ ည ကောင်းကင်ယံမှာ န၀မမြောက် အတောက်ပဆုံး ကြယ်ဖြစ်ပါတယ်။ အနီရောင် ကြယ်ကြီးတစ်ခုဖြစ်ပါတယ်။ ဘယ်လောက်တောင်ကြီးလဲဆိုရင် ကျနော်တို့ နေထက် အချင်း အဆ ၈၀၀ ကြီးပါတယ်။ အရွယ်အစားကတော့ ကျနော်တို့ နေ ပေါင်း တစ်ဘီလီယံ ခွဲလောက်ကို အဲ့ဒီ့ကြယ်ကြီးထဲ ထည့်လို့ရပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၆၄၂.၅ နှစ် ကွာဝေးပါတယ်။ ရေဂျယ် (Rigel) ကြယ် ခွန်ဆန်လောကြယ် (ခ) ရေဂျယ်ကြယ်ဟာ ည ကောင်းကင်မှာ သတ္တမမြောက် အလင်းလက်ဆုံး ကြယ်ဖြစ်ပါတယ်။ ဖြူပြာရောင် ရှိပြီး၊ ကမ္ဘာမှ အလင်းနှစ် ၇၇၃ နှစ် ကွာဝေးပါတယ်။ အထူးပြုလုပ်ထားတဲ့ နက္ခတ်တာရာကြည့် မှန်ပြောင်းများဖြင့် သေချာစွာကြည့်ရှုပါက ရေဂျယ်ကြယ်ဟာ တစ်လုံးထဲမဟုတ်ဘဲ သူ့အနားမှာ ကြယ်သေးတစ်လုံးနဲ့ အတူပူးတွဲပြီး တည်ရှိနေတာဖြစ်ပါတယ်။ ................ ၀ါးဆစ်ကြယ် (သို့) ခါးပါတ်ကြယ် (၃) လုံး မင်းတီက (Mintaka) super-giant ကြယ်အမျိုးအစားဖြစ်ပြီး ဖြူပြာရောင်ရှိပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၈၀၀ ကွာဝေးပါတယ်။ အိုရီယွန်ခါးပတ်ရဲ့ အနောက်ဘက် အစွန်မှာရှိတဲ့ကြယ်ပါ။ ကျနော်တို့ နေထက် အဆ ၁၀ ၀၀၀ ပိုမိုတောက်ပ ပါတယ်။ မျက်နှာပြင် အပူချိန်ဟာ ၆၀ ၀၀၀ ဒီဂရီ ဆဲလ်ဆီးယပ်စ် ရှိပါတယ်။ ဒြပ်ထုဟာ နေထက် အဆ ၂၀ ပိုမို သိပ်သည်းပါတယ်။ အယ်နလမ် (Alnilam) အိုရီယွန်ခါးပတ်ကြယ်ရဲ့ ခလယ်ကကြယ်ပါ။ သူသည်လည်း ဖြူပြာရောင် super giant ကြယ်အမျိုးအစားဖြစ်ပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၁၀၀၀ ကွာဝေးပါတယ်။ ကျနော်တို့နေထက် အဆပေါင်း ၁၈ ၀၀၀ ပိုမိုတောက်ပ လင်းလက်ပါတယ်။ ဒြပ်ထုကလည်း မင်းတီက ကဲ့သို့ ကျနော်တို့ နေထက် အဆ ၂၀ ပိုမိုသိပ်သည်းပါတယ်။ မျက်နှာပြင် အပူချိန်ကတော့ ကြယ်သုံးခုမှာတော့ အအေးဆုံးပါဘဲ။ ဒါပေမယ့် အပူချိန်က ၅၀ ၀၀၀ ဒီဂရီ ဆဲလ်ဆီးယပ်စ်ရှိပါတယ်။ အယ်နီတာ့ခ် (Alnitak) သူကတော့ ကြယ်သုံးခုမှာ အမှိန်ဆုံးကြယ်ပါဘဲ။ မင်းတီကာနဲ့ မျက်နှာပြင်အပူချိန် အတူတူရှိပါတယ်။ ဒါပေမယ့် နေထက် အဆ ၇၀၀၀ သာ ပိုမိုတောက်ပ လင်းလက်ပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၉၀၀ အကွာမှာ တည်ရှိပါတယ်။ ...................... ဆိုက်(ဖ်)ကြယ် ဆိုက်(ဖ်) Saiph ကြယ်ဟာ အိုရီယွန်ကြယ်စုမှာ ဆဌမမြောက် အတောက်ပဆုံးကြယ်ဖြစ်ပါတယ်။ ကြယ်စုရဲ့ အရှေ့တောင်ထောင့် နေရာမှာရှိပါတယ်။ ဆိုက်(ဖ်) ဆိုတာလည်း ယခင်ဖော်ပြထားသော ခါးပတ်ကြယ်များလိုပါဘဲ၊ အာရပ်ဘာသာစကား saif al jabbar မှ ဆင်းသက်လာပါတယ်။ ကြီးမားသော ဓါး လို့ အဓိပ္ပယ်ရပါတယ်။ ကမ္ဘာမှ အလင်းနှစ် ၇၂၀ ကွာဝေးပါတယ်။ ရေဂျယ် (ခ) ခွန်ဆန်လောကြယ်နဲ့ အကွာအဝေး သိပ်မကွာပါဘူး။ ပြီးတော့ အဲ့ဒီ့ ရေဂျယ် ကြယ်ထက်လဲ ပိုမိုတောက်လောင်လျက်ရှိပါတယ်။ မျက်နှာပြင်အပူချိန် ၂၆၅၀၀ K ရှိပါတယ်။ ဒါပေမယ့် ရေဂျယ်ကြယ်ထက် ပိုပြီး မှိန်နေရသော အကြောင်းမှာ သူမှ ထွက်သော ရောင်ခြည်များဟာ အများအားဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်တဲ့ အနီအောက် ရောင်ခြည်များ ဖြစ်နေသောကြောင့် ဖြစ်ပါတယ်။ ကျနော်တို့နေထက် ဒြပ်ထုအားဖြင့် ၁၇ ဆ ခန့်ကြီးမားပြီး အချင်းကတော့ ၂၂ ဆ ပိုမိုကြီးမားပါတယ်။ ဆိုက်(ဖ်) ကဲ့သို့ ကြီးမားပြီး တောက်ပသော ကြယ်များဟာ ပေါက်ကွဲ ပျက်စီး သွားမယ့်အချိန် ဆိုရင်တော့ ကြီးမားတဲ့ ဆူပါနိုဗာ အဖြစ် ကို ရောက်ရှိမှာဖြစ်ပါတယ်။ ............. အိုရီယွန်ခါးပတ်ကြယ်များအနီးမှာတော့ ကြီးမားတဲ့ နက်ဗြူလာကြီး တစ်ခုရှိပါတယ်။ Messier 42 (M42) သို့မဟုန် NGC 1976 လို့ခေါ်ပါတယ်။ ကြယ်သစ်များကို မွေးဖွားလျက်ရှိပါတယ်။ ထိုကြယ်စုများကိုသွားဖို့ ကျနော်တို့ ကမ္ဘာမှ လက်ရှိ အမြန်ဆုံးယာဉ်နှင့် တစ်နာရီမိုင် ၄၀ ၀၀၀ နှုန်းနဲ့သွားမယ်ဆိုရင် နှစ်ပေါင်း ဆယ်သန်းကြာမှာဖြစ်ပါတယ်။ Get link Facebook X Pinterest Email Other Apps Comments
December 12, 2013 သွေးတိုးရောဂါ ပျောက်ကင်းစေနိုင်သည့် အစွမ်းထက် တိုင်းရင်းဆေး တစ်လက် မြန်မာနိုင်ငံ၏ လူဦးရေသန်း ၆ဝ ခန့်မှာ သွေးတိုးရောဂါ ခံစားနေရသူ ယခင်နှစ်များထက် ပို၍ မြင့်တက်လာ နေကြောင်း အရှေ့တောင်အာရှ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ စစ်တမ်းများ အရ သိရသည်။ ထို သွေးတိုးရောဂါကို ပြည်ပ နိုင်ငံခြား ဆေးဝါးများဖြင့် ကုသနိုင်သကဲ့သို့ မိရိုးဖလာ တိုင်းရင်းဆေးများ ဖြစ်သည့် အစွမ်းထက် ဆေးဝါးများဖြင့် ကုသ ပျောက်ကင်း စေနိုင်သည်။ ရှေးမြန်မာ မင်းများလက်ထက် ကတည်းက သွေးလေ ညီညွတ်စေရန် ဟင်းပွဲများတွင် အစာလည်းဆေး ဆေးလည်းအစာ ဆိုသကဲ့သို့ ပွဲတော် တည်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်မျှတသော အရာများကို ဖြည့်စွက် မှီဝဲ သုံးစွဲတော် မူလေသည်။ ထိုဟင်းပွဲများထဲတွင် သွေးတိုးရောဂါ ပျောက်ကင်းစေနိုင်သည့် ဒန့်သလွန်ရွက် ဟင်းချို၊ မြင်းခွာရွက်သုပ်၊ မြင်းခွာရွက် ဟင်းခါးနှင့် ခံတက်ရွက် ဟင်းချိုတို့ဖြစ်သည်။ ထို့အပြင် ဒန့်သလွန်ရွက် သတ္တုရည်ကို ဟင်းစားဇွန်းနှစ်ဇွန်း တစ်နေ့လျှင် နှစ်ကြိမ်ထက် မနည်း သောက်သုံး ကပျောက်ကင်း စေနိုင်သကဲ့သို့ ဧကရာဇ်အရွက်နှင့် အမြစ်တို့ကို တစ်နေ့လျှင် သုံးကြိမ်မျှ သတ္တုရည်အဖြစ် ပြုလုပ် သောက်သုံးပါက သွေး... Read more
December 12, 2013 လူလတ်ပိုင်း အရွယ်အများအပြားက နွားနို့သောက်ဖို့ မလိုအပ်တော့ဘူးလို့ ထင်မြင် ယူဆလျက် ရှိပါတယ်။ ဒါပေမဲ့ နွားနို့နဲ့ နွားနို့က ထွက်တဲ့ ပစ္စည်းတွေဟာအာဟာရကြွယ်ဝတဲ့ အစားအစာတွေဖြစ်တယ် ဆိုတာကိုတော့ လူတိုင်းက သတိမထားမိကြပါဘူး။ နွားနို့ဟာ လူ့ခန္ဓာကိုယ်အတွက် တစ်သက်တာလုံး လိုအပ်တဲ့ အာဟာရဓာတ် အနည်းဆုံး ၁၅ မျိုး အထိ ပါဝင် နေပါတယ်။ ဟန်ချက်ညီတဲ့ အစားအစာဖြစ်ပြီး အာဟာရလည်း ဖြစ်တာကြောင့် နွားနို့ဟာ လူလတ်ပိုင်းအရွယ် ခန္ဓာကိုယ် ကျန်းမာရေးကို ထိန်းညှိ ထားစေရေးနဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းများရဲ့ စွမ်းအား အရည်အသွေး မြှင့်တင်ရေးတို့အတွက် သိပ်ကို အရေးကြီးပြီး အဖိုးတန်တဲ့ အကျိုး သက်ရောက်မှု ပေးစေနိုင်တယ်လို့လည်း သိရပါတယ်။ တရုတ် ပြည်သူ ပြည်သားတွေမှာ ယေဘုယျ ကယ်လ်စီယမ်ဓာတ်ချို့တဲ့နေတာဟာ တကယ့်အဖြစ်မှန် တစ်ခုပါ။ နေ့စဉ် အစားအစာထဲမှာ ကယ်လ်စီယမ် ၈ဝဝ ကနေ၁၂ဝဝ မီလီဂရမ် ကမ္ဘာ့ကျန်းမာရေး(WHO) က ဆိုပေမဲ့ တရုတ် ပြည်သူတွေရဲ့ ထဲမှာက ကယ်လ်စီ ယလီလီဂရမ် ၄ဝဝ ကျင်သာ ပါရှိပါတယ်။ ဒီလိုဖြစ်ရတာဟာ တရုတ်လူမျိုးတွေရဲ့ နေ့စဉ်အ စားအသောက် ဖွဲ့စည်းမှုက သီးအရွက်တွေသာ အဓိက ဖြစ်နေလေတော့ ကယ်လ်စီယမ်ပါ ဝင်မှု နည်းပါးနေလို့ပါ။ တစ်ခါ အသ... Read more
May 06, 2014 Home ကျန်းမာရေး IT ထင်ရှားသူတို့ သုတ၊ရသ ဂီတ ဟာသ ဗဟုသုတ အဟာရစာ သတိ Followers အပမ်းမကြီးရင် ခဗျာင်္းရဲ့ဆိုဒ်မှာ လိဒ်ချိတ်ပေးပါနော်။ World Clock-ကမ္ဘာ့နာရီစင် ကြည့်ချင်ရင် Click ကျနော် ကြိုက်နှစ်သက်တဲ့ စာတွေကို ပြန်လည် မျှဝေပါသည်..... ရှာကြည့်ပါ Wednesday, April 9, 2014 ငှက်ကလေး၊ ခရုငယ်နဲ့ Ginkgo tree Nine Nine Sanay @ နိုင်းနိုင်းစနေ ငှက်ကလေး၊ ခရုငယ်နဲ့ Ginkgo tree အင်္ဂလန်နိုင်ငံရဲ့မြို့တော်လန်ဒန်မြို့အနောက်ပိုင်းက စီးပွားရေးဖွံ့ဖြိုးမှုမြန်တဲ့ ဒေသတစ်ခုဖြစ်တယ်။ "အင်္ဂလန်ရဲ့ကယ်ရီဖိုးနီးယား"လို့ တင်စားခံရတဲ့နေရာဖြစ်တယ်။ အဲဒီဒေသမှာ စတုရန်းမိုင်၃ဝဝကျယ်ဝန်းတဲ့ မြေလွတ်တစ်နေရာရှိတယ်။ အဲဒီနေရာက လူနေအိမ်လိုအပ်ချက်မြင့်မားတဲ့နေရာဖြစ်တာကြောင့် နေအိမ်တိုက်တာတိုးချဲ့ရေးကုမ္ပဏီအများက အဲဒီနေရာကို မျက်စိကျနေကြတယ်။ ဒါကြောင့်... Read more
Comments
Post a Comment