အသက်ရှည်ဆေး ------------------ မြန်မာ့ ဆေးကျမ်းတွေထဲမှာ စကားထာလိုလို ဆိုရိုးစကားလေးတစ်ခု ရှိပါတယ်။ ဆင်စီး၊ ဗုံတီး၊ ပန်းတစ်ရာ ပန်ပါ - တဲ့။ ဆင်စီး ... ဆိုတာက ဆင်တုံးမနွယ်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဗုံတီး ... ဆိုတာကတော့ ဘုမ္မရာဇာ။ ပန်းတစ်ရာပန်ပါ ... ဆိုတာက ပျားရည်ကို ဆိုလိုတာ ဖြစ်ပါတယ်။ ပျားရည်ကို ပန်းပေါင်းတစ်ရာဆီက ၀တ်ရည်တွေ စုဆောင်းဖြစ်လာတယ်လို့ မြန်မာတွေ အယူရှိကြတာကိုး။ အဲဒီ ဆင်တုံးမနွယ်ရယ်၊ ဘုမ္မရာဇာရယ်ကို ဆတူရောပြီး ပျားရည်နဲ့ တေစားပါက အသက်ရှည်နိုင်တယ်။ တစ်နည်းပြောရရင် အသက်တစ်ရာအနာမရှိဆိုတဲ့သဘော သက်တမ်းစေ့ နေနိုင်တယ်လို့ မြန်မာ့ဆေးကျမ်းအစောင်စောင်မှာ ပြဆိုထားကြပါတယ်။

Comments

Popular posts from this blog