ဂရိတွေ ခေတ်ကောင်းစားစဉ်က လူငယ်တစ်ယောက်ဟာ ဂရိမှာ ရှိတဲ့ နာမည်ကျော် ပညာရှင်တစ်ယောက်ဆီကို မေးခွန်း တခု သွား မေးတယ်။
အောင်မြင်ခြင်းမှာ လျှို့ဝှက်ချက် ရှိသလား၊ ရှိရင် ပြောပြနိုင်မလား လို့ သွား မေးတယ်။ လူကြီးကလည်း အင်း ရတယ် မနက်ဖြန်
ချောင်းလေးနားမှာ တွေ့ကြတာပေါ့။
မနက်ဖြန် လူငယ်လည်း ချောင်းလေးနားကို လာပြီး တွေ့တယ်။ လူကြီးလည်း
လူငယ်ကို ချောင်းလေးထဲကို ခေါ်သွားတယ်။ ချောင်းထဲရောက်တော့ ရုတ်တရုက် လူကြီးအားနဲ့ လူငယ်၏ ခေါင်းကို ရေထဲ နစ်လိုက်တယ်။
လူငယ်က အတင်းရုန်းတယ်။ ရုန်းရင်း ရုန်းရင်း ပြာလာတဲ့ အထိကို နစ်ထား တယ်။ ပြီးတော့ မှ လူငယ်ကို ခေါင်းပြန်ဖော်ပေးလိုက်တယ်။ ပြီးတော့
လူငယ်ကို မေးတယ် မင်းရေထဲ နစ်နေတုန်းက ဘာကို အလိုချင်ဆုံးလဲ တဲ့၊ လူငယ်လည်း လေပေါ့ဗျာ့ (အေးလေ သေတော့မယ့်ဟာကို) ဆိုပြီး မကျေ နပ်တဲ့ လေသံနဲ့ ပြန်ဖြေတယ်။
လူကြီးကလည်းပြုံးပြီး အေးမင်း လေကို သေမတတ်အောင် လိုချင်နေ သလိုပဲ တခုခုကို သေမတတ်အောင် အောင်မြင်ချင်ရင် မင်း အောင်မြင် လာလိမ့်မယ်။ အောင်မြင်သူမှာ လျှို့ဝှက်ချက်တော့ မရှိဘူး ဒါပေမယ့် ပြင်းပြ တဲ့ စိတ်ဓါတ်နဲ့ လုံ့လ၀ီရိယတော့ ရှိတယ်။

Comments
Post a Comment