ငွေခေါ်ရအောင်
ဒီနည်းလေးက ကိုယ့်ဆီကို ငွေတွေရောက်လာဖို့ လှမ်းပြီးခေါ်တဲ့နည်းပါ။ မိမိရဲ့အလုပ်စားပွဲအပေါ်မှာ ငွေစကူတစ်ရွက်ဖြန့်ပြီးတင်ထားပါ။ ၅၀၀၀ တန်က အမြင့်ဆုံးဆိုတော့ ၅၀၀၀ တန်တင်ထားရင် ပိုကောင်းတာပေါ့။ ငွေစကူပေါ်မှာ သံလိုက်တုံးတစ်တုံးကိုတင်၊ သံလိုက်တုံးပေါ်မှာ နှင်းဆီပန်းလေးတစ်ပွင့်ကိုတင်ပြီး ငွေစကူပေါ်မှာ သံလိုက်တုံးကို ပွတ်တိုက်ရွေ့လျားရင်း ငွေတွေအများကြီး ၀င်ပါစေလို့ ဆုတောင်းရပါတယ်။ မနက်စောစောတွေမှာ လုပ်ရပါတယ်။
(အဘမင်းသိင်္ခ၏ ပညာမှတ်စု )

Comments
Post a Comment