ဘာမြူဒါကျွန်းနှင့် ဘာမြူဒါတြိဂံဒေသ
ဘာမြူဒါကျွန်းနှင့် ဘာမြူဒါတြိဂံဒေသသည် အမှန်တကယ်တည်ရှိသော ဒေသများဖြစ်ပါသည်။
ဘာမြူဒါကျွန်းသည် အတ္တလန္တိတ် သမုဒ္ဒရာအနောက်ဘက်ခြမ်းတွင် တည်ရှိသော ကျွန်းနိုင်ငံငယ်လေးဖြစ်ပါသည်။
ဘာမြူဒါတြိဂံဆိုသည်မှာ အဆိုပါ ဘာမြူဒါကျွန်း၊ အမေရိကန်ပြည်ထောင်စု
ဖလော်ရီဒါပြည်နယ်နှင့် ဘာဂျင်ကျွန်းတို့ကို ဆက်ဆွဲထားသော တြိဂံပုံဒေသတစ်ခုကို
ဆိုလိုပါသည်။
အဆိုပါ ဘာမြူဒါတြိဂံဒေသသည် ကမ္ဘာပေါ်တွင် မိစ္ဆာတြိဂံဟု နာမည်ကြီးသော
ဒေသဖြစ်ပါသည်။ အကျယ်အ၀န်းအားဖြင့် စတုရန်းမိုင်ပေါင်း ၄၄၀,၀၀၀ ခန့်ရှိပြီး ဆာဂါဆိုး ပင်လယ်ပိုင်နက်တွင် ပါဝင်ပါသည်။
ဤဘာမြူဒါတြိဂံဒေသတွင် သင်္ဘောအစင်း ၅၀ ခန့်နှင့် လေယာဉ်အစီး ၂၀ ခန့်မှာ အကြောင်းရင်း အတိအကျ မသိရဘဲ ထူးဆန်းစွာ
ပျောက်ဆုံးသွားခဲ့ပါသည်။
ဘာမြူဒါတြိဂံဒေသအကြောင်း
စတင်သတိထားမိသူမှာ အမေရိကတိုက်ကို ရှာဖွေတွေ့ရှိသူ
ခရစ္စတိုဖာကိုလံဘတ် ဖြစ်ပါသည်။ ကိုလံဘတ်သည် ၁၅ ရာစုခေတ်
သူ၏မှတ်တမ်းတစ်ခုတွင်
ဆာဂါဆိုးပင်လယ်အတွင်း၌ အလွန်ထူးဆန်းပြီး အန္တရာယ်များလှသော
ပင်လယ်ရေမှော်အုပ်ကြီးများကို တွေ့ခဲ့ကြောင်း ရေးသားထားပါသည်။ ၁၉
ရာစုအလယ်တွင် ထိုဒေသ၌
သင်္ဘောများပျောက်ဆုံး
ကြောင်း သတိပြုမိကြသော်လည်း မှတ်တမ်းမတင်ခဲ့ကြပါ။ အစောဆုံးတွေ့ရှိသော မှတ်တမ်းများမှာ ၁၉၁၈၊ မတ်လတွင် အမေရိကန်ပိုင် အလေးချိန်တန်ပေါင်း ၁၉၀၀၀ ရှိ ဆိုင်ကလော့ပ်စ် (Cyclops) အမည်ရှိ သင်္ဘောတစ်စီးပျောက်ဆုံးခြင်း မှတ်တမ်းပင်ဖြစ်ပါသည်။ သို့သော် ထိုအချိန်က ဘာမြူဒါတြိဂံမှာ နာမည်မကြီးခဲ့ပါ။
ကြောင်း သတိပြုမိကြသော်လည်း မှတ်တမ်းမတင်ခဲ့ကြပါ။ အစောဆုံးတွေ့ရှိသော မှတ်တမ်းများမှာ ၁၉၁၈၊ မတ်လတွင် အမေရိကန်ပိုင် အလေးချိန်တန်ပေါင်း ၁၉၀၀၀ ရှိ ဆိုင်ကလော့ပ်စ် (Cyclops) အမည်ရှိ သင်္ဘောတစ်စီးပျောက်ဆုံးခြင်း မှတ်တမ်းပင်ဖြစ်ပါသည်။ သို့သော် ထိုအချိန်က ဘာမြူဒါတြိဂံမှာ နာမည်မကြီးခဲ့ပါ။
ဘာမြူဒါတြိဂံကို နာမည်ကြီးစေသည့် ဖြစ်ရပ်မှာ ၁၉၄၅၊ ဒီဇင်ဘာ ၅ ရက်နေ့တွင်
ဖြစ်ပွားခဲ့ပါသည်။ ထိုနေ့ နေ့လည် ၂ နာရီအချိန်တွင် အမေရိကန်ပြည်ထောင်စု
လော်ဒါဒေးလ် (Louderdale) လေတပ်စခန်းမှ ဂရမ်ပင်အမျိုးအစား
ဗုံးကြဲလေယာဉ် ၅ စီးသည် ရာသီဥတုကောင်းနေချိန်၌ လေ့ကျင့်ရန် ပျံတတ်သွားကြပါသည်။
မကြာခင် လေယာဉ်မှူးများထံမှ သူတို့၏ လေယာဉ် စက်များ အလုပ်မလုပ်တော့ကြောင်း
ရေဒီယိုသတင်း ၀င်လာပါသည်။ သံလိုက်အိမ်မြောင်များလည်း ကောင်းစွာ အလုပ်မလုပ်
တော့ကြောင်း ဆိုပါသည်။ လေယာဉ်ပျံတတ်ပြီး ၂
နာရီအကြာတွင်မူ လေယာဉ် ၅ စီးလုံး အဆက်အသွယ် ပြတ်သွားကြပါသည်။
ဤတွင် မာတင်အမျိုးအစား ဗုံးကြဲလေယာဉ်နောက်တစ်စင်းကို ကယ်ဆယ်ရေးယာဉ်အဖြစ်
ထပ်မံစေလွှတ်ခဲ့ကြပါသည်။ သို့သော် အဆိုပါလေယာဉ်မှာလည်း မိနစ် ၂၀ အတွင်း
အဆက်အသွယ်ပြတ်ကာ ပျောက်ဆုံးသွားခဲ့ပါသည်။ ယနေ့အထိ ထိုလေယာဉ် ၆ စီး ဘာဖြစ်ခဲ့သည်ကို
အတိအကျ မပြောနိုင် ဖြစ်နေပါသည်။ ဤကဲ့သို့ လေယာဉ် ၆ စီးနှင့် လေယာဉ်မှူး ၂၇ ဦး
ပျောက်ဆုံးရာမှ စတင်ကာ ဘာမြူဒါတြိဂံဟု ကျော်ကြားလာပါတော့သည်။
ဘာမြူဒါတြိဂံဒေသ၏ ကျော်ကြားသော ဖြစ်၇ပ်တချို့ကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
·
၁၉၄၇၊ စီ-၄၇ အမျိုးအစား တပ်မတော်လေယာဉ်တစ်စီး ပျောက်ဆုံးခဲ့သည်။
·
၁၉၄၈၊ တူတာ-၄ အမျိုးအစား စက်လေးလုံးတပ်လေယာဉ်နှင့် ခရီးသည် ၃၁ ဦး ပျောက်ဆုံးခဲ့သည်။
·
၁၉၄၈၊ ဒီစီ-၃ အမျိုးအစားလေယာဉ်နှင့် ခရီးသည် ၃၂ ဦး ပျောက်ဆုံးသည်။
·
၁၉၄၉၊ တူတာ-၄ အမျိုးအစား လေယာဉ်နောက်တစ်စီး ပျောက်ဆုံးသည်။
·
၁၉၅၀၊ ဂလုပ်မာစတာ
အမျိုးအစား လေယာဉ်နှင့် ခရီးသည် ၅၁ ဦး ပျောက်ဆုံးသည်။
·
၁၉၅၀၊ အမေရိကန်
တိုက်သင်္ဘော အက်စ်အက်စ်စန်တရာ (အလျား ၃၅၀ ပေ) မှာ အစအန မတွေ့အောင် နစ်မြုပ်သည်။
·
၁၉၅၂၊ ဗြိတိသျှ
အမျိုးအစား လေယာဉ်တစ်စီးနှင့် ခရီးသည် ၃၃ ဦး ပျောက်ဆုံးသည်။
·
၁၉၅၄၊ အမေရိကန်
ရေယာဉ်တစ်စီးမှာ ခရီးသည် ၄၂ ဦးနှင့်အတူ ပျောက်ဆုံးသည်။
·
၁၉၅၆၊ အမေရိကန်
လေယာဉ်တစ်စီးမှာ အမှုထမ်း ၁၀ ဦးနှင့်အတူ ပျောက်ဆုံးသည်။
·
၁၉၆၂၊
အမေရိကန်လေတပ် KG- ၅၀ အမျိုးအစား ကုန်တင်လေယာဉ်
ပျောက်ဆုံးသည်။
·
၁၉၆၃၊
ဗရင်းဆာလဖာကွင်း တိုက်သင်္ဘော (အလျား ၄၂၅ ပေ) မှာ သင်္ဘောသား အပြည့်အစုံနှင့် ပျောက်ဆုံးသည်။ သင်္ဘောပျက် အစအန မတွေ့ရ။
·
ထိုနှစ်မှာပင်
အမေရိကန်လေတပ်မှ ကုန်တင်လေယာဉ် သုံးစီး ထပ်မံပျောက်ဆုံးသည်။
·
၁၉၆၇၊ YC -၁၂၂ စစ်လေယာဉ်တစ်စီး ပျောက်ဆုံးသည်။
·
၁၉၇၃၊
ဂျာမန်စစ်သင်္ဘော အာနီတာ (တန်ချိန် - ၂၀၀၀၀) မှာ သင်္ဘောသား ၃၂ ဦးနှင့်အတူ
ပျောက်ဆုံးသည်။
ဤဖြစ်ရပ်များတွင် တူညီသော အချက်များမှာ -
(၁) ရာသီဥတု ကောင်းနေချိန်တွင် ပျောက်ဆုံးခြင်း၊
(၂) နေ့အချိန်တွင် အများဆုံး ပျောက်ဆုံးခြင်း၊
(၃) ရေဒီယို အဆက်အသွယ် ရုတ်တရက် ပျက်တောက်ခြင်း၊
(၄) အစအန ရှာမတွေ့ခြင်း တို့ ဖြစ်ပါသည်။
သိပ္ပံပညာရှင်များသည် ဖြစ်ရပ်တစ်ခုချင်းအလိုက် အကြောင်းရင်းကို
ရှာဖွေသိရှိအောင် ကြိုးစားခဲ့ရာ အချို့ကို သိရှိပြီး အချို့ကို စုံစမ်းဆဲပင်
ဖြစ်ပါသည်။ ဤတွင် ဘာမြူဒါတြိဂံဒေသနှင့် ပတ်သက်ပြီး အယူအဆ အမျိုးမျိုး
ပေါ်ပေါက်လာကြရာ အချို့က သံလိုက်ဆွဲအားကြောင့်ဟုလည်းကောင်း၊ အချို့က
ကောင်းကင်အတွင်းရှိ မမြင်နိုင်သော တွင်းတစ်ခု (Hole in sky) က ဆွဲသည်ဟူ၍လည်းကောင်း၊ အချို့က ပင်လယ်ရေအောက် ဓာတုပစ္စည်းများဟုလည်းကောင်း၊
အချို့က ထူးဆန်းသော သတ္တ၀ါများကြောင့်ဟုလည်းကောင်း အမျိုးမျိုး ပြောဆိုခဲ့ကြပါသည်။
၁၉၇၃ နောက်ပိုင်းတွင် ဤတြိဂံမှ ပျောက်ဆုံးမှု မတွေ့ရတော့ပါ။ သို့သော်
လူအများကမူ ဘာမြူဒါတြိဂံကို မိစ္ဆာတြိဂံဟု ယခုတိုင် ဆက်လက်ယုံကြည်နေကြပါသည်။

Comments
Post a Comment