ချစ်သူနဲ့ စကားများရန်ဖြစ်တာကို ဘယ်လို​ရပ်တန့်မလဲ ချစ်သူတွကြားမှာ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဆိုသလို ချစ်ကြ၊ကြိုက်ကြ၊ စကား​တွေများကြ၊ ပြန်အဆင်​ပြေသွားကြနဲ့ လည်ပတ်​နေတာက ပုံမှန်ကိစ္စတစ်ခုပါပဲ။ တက်ာချစ်ကြနဲ့ ချစ်သူ​တွေကြားမှာ ရန်ဖြစ်တာက ​ရှောင်လွှဲလို့မရတဲ့ ကိစ္စတစ်ခုပါ။ ဒါ​ပေမယ့် ရန်ဖြစ်ရ​တော့မယ်ဆိုရင် အ​ဆိုးဆုံးအ​ခြေအ​နေ​တွေအထိ မ​ကောက်ခင် ရပ်တန့်အဆုံးသတ်လိုက်နိုင်တဲ့ နည်းလမ်းတစ်ချို့​တော့ ရှိပါတယ်။ ၁။ စကားကို နူးညံ့ညင်သာစွာ​ပြောပါ ဘယ်သူမဆို ​ဒေါသထွက်လာရင် ​လေသံမာလာတတ်ပါတယ်။ အပြန်အလှန် ​လေသံမာမာ​ပြောဆို​ ​အော်ဟစ်​နေဖို့ထက် စိတ်ကိုတည်ငြိမ်​အောင်ကြိုးစားပြီး ဖြည်းဖြည်းညင်ညင်သာသာ​ပြောပါ။ ၂။ မဆဲဆိုပါနဲ့ တစ်ခါတစ်​လေမှာ ချစ်သူနှစ်ဦးကြား ရန်ဖြစ်စကားများကြတဲ့ အဓိက အ​ကြောင်းရင်းထက် ​ဒေါသတကြီး ​အော်ဟစ်ဆဲဆိုမိတာ​ကြောင့် ကိစ္စက ပိုမိုကြီးမားလာတတ်ပါတယ်။ ဒါ​ကြောင့် မဆိုင်တာ​တွေကို ဆွဲမထည့်ပဲ အငြင်းပွား​နေတာကို ​ပြေလည်​အောင် ညှိနှိုင်းဖို့ကိုညဦးစား​ပေးပါ။ ၃။ အာရုံစိုက်ထားပါ ချစ်သူနဲ့ အငြင်းပွားရာမှာ သင့်ဖက်က တစ်ခုခု​ပြောလိုက်ရင် သင့်​ကောင်မ​​လေးကလည်း မခံချင်စရာတစ်ခုခု​ပြောပြီး ပြန်တိုက်ခိုက်မှာ ​သေချာပါတယ်။ အပြန်အလှန်စကားနိုင်လုပြီး အနိုင်ရရင်လည်း ဘာဆုတံဆိပ်မှ မရဘူးဆိုတာ သတိရပါ။ အငြင်းပွား​နေတဲ့ အ​ကြောင်းအရာက​နေ လမ်းလွဲပြီး မဆိုင်တာ​တွေ မ​ပြောမိ​အောင် အာရုံစိုက်ထားပါ။ ၄။ ​ခတ်ေတခဏ ရပျနားပါ ရန်ဖြစ်စကားများရ​တော့မယ်ဆိုရင် ခဏ​လောက်ရပ်ပြီး ပြန်စဉ်းစားကြည့်ပါ။ ဘယ်​နေရာမှာ ဘယ်လိုနားလည်မှုလွဲသွားလဲဆိုတာ ပြန်သုံးသပ်ပါ။ ဒီ​နေရာမှာ ခဏရပ်နားပြီး ပြန်စဉ်းစားကြည့်တာက နှစ်​ယောက်စလုံးစိတ်ကိုတည်ငြိမ်သွား​စေပါတယ်။ ၅။ ​ပြောစရာရှိတာ​ပြောပြီး ​မေ့လိုက်ပါ သင့်ချစ်သူ​ပေါ်ကို မ​ကျေနပ်တာ၊ အထင်လွဲတာ​တွေကို ပွင့်ပွင့်လင်းလင်း​ပြောပြပါ။ ​ဖြေရှင်းချက်​ပေးတာကို ​သေချာနား​ထောင်ပါ။ ခွင့်လွှတ်နိုင်တာကို ခွင့်လွှတ်လိုက်ပါ။ ပြီးရင် ​​တေးမှတ်မထားပဲ ​မေ့​ဖျောက်လိုက်ပါ။ ၆။ တဖက်အမြင်ကို ​လေးစားပါ။ အ​ကြောင်းအရာတစ်ခုမှာ သူ့ဖက်ကိုယ့်ဖက်အမြင်နှစ်ခု ရှိပါတယ်။ အမြင်ချင်းမတူတဲ့အခါမှာ သ​ဘောထားကွဲလွဲပြီး စကားများ​လေ့ရှိကြပါတယ်။ ဒါ့​ကြောင့် သင့်​ဖက်က မှန်တယ်လို့ထင်ရတဲ့ကိစ္စတစ်ခုက သင့်​ကောင်မ​လေးဖက်က ကြည့်ရင် မှား​နေနိုင်ပါတယ်။ ဒါ့​ကြောင့် တဖက်သူ အမြင်နဲ့ သ​ဘောထားကို ​လေးစားပါ။ နားလည်နိုင်​အောင် ကြိုးစားပါ။  

Comments

Popular posts from this blog