အိမ်ဖြူတော်


 အိမ်ဖြူတော် ဧ။် တောင်ဘက် မျက်နှာစာ

အိမ်ဖြူတော်သည် အမေရိကန် သမ္မတ ဧ။် တရားဝင်စံအိမ် နှင့် အလုပ်တက်ရာ ရုံးဖြစ်ပြီး အမှတ် ( 1600 ) ပန်ဆယ်ဗင်နီးယား ရိပ်သာလမ်း ၊ ၀ါရှင်တန်ဒီစီတွင် တည်ရှိလေသည်။ အိမ်ဖြူတော်ကို အိုင်ယာလန် တွင် မွေးဖွားသည့် ဗိသုကာပညာရှင် ဂျိမ်းစ် ဟိုဘန် က ဒီဇိုင်းရေးဆွဲခဲ့ပြီး
( 1792 မှ 1800 ) ပြည့်နှစ်အတွင်း တည်ဆောက်ခဲ့သည်။ အခြေခံအားဖြင့် အမေရိကန်ပြည်ထောင်စုဧ။် အုပ်ချုပ်ရေး မဏ္ဍိုင် တွင် အာဏာအမြင့်ဆုံးတည်ရှိရာ ရုံးအဆောက်အဦးလည်း ဖြစ်လေသည်။ 

ပထမဆုံး သမ္မတ ဖြစ်သည့် ဂျော့ခ်ျ ၀ါရှင်တန် လက်ထက်တွင် အုတ်မြစ်ချခဲ့ပြီး ရှစ်နှစ်အကြာ ဒုတိယ မြောက် သမ္မတ ဂျွန် အဒမ်စ် လက်ထက်တွင် အကြမ်းထည် ပြီးစီးခဲ့သည်။ နိုဝင်ဘာ ( 1 ) ရက် ၊ ( 1800 ) ပြည့်နှစ်တွင် သမ္မတ ဂျွန်အဒမ်စ် က စတင်ပြောင်းရွေ့နေထိုင်ရာမှ အိမ်ဖြူတော်သည် တရားဝင် သမ္မတ စံအိမ်၊ အုပ်ချုပ်ရေး ရုံး ဖြစ်လာခဲ့လေသည်။ အဒမ်စ် အနေဖြင့်လည်း ပထမ ဆုံး အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်သည့် သမ္မတ အဖြစ် မှတ်တမ်းဝင်ခဲ့လေသည်။ 

အိမ်ဖြူတော်ဟု အမည်တွင်ခဲ့ခြင်းမှာလည်း ဂျော့ခ်ျ ၀ါရှင်တန် နှင့် ပတ်သက်နေပြန်သည်။ ဗာဂျီးနီးယားပြည်နယ်ရှိ ၄င်းပိုင်ဆိုင်သော စိုက်ပျိုးရေး ခြံအမည်မှာ White House Plantation ဖြစ်ပြီး ထို ခြံမှာ ၀ါရှင်တန်ဧ။် ဇနီးဖြစ်လာမည့်သူ နှင့် ဆုံတွေ့ပြီး ချစ်ကျွမ်းဝင်ခဲ့သည့် နေရာ ဖြစ်လေသည်။ အိမ်တော်ကို အမည်ပေးရန် စည်းဝေးဆွေးနွေးကြစဉ်တွင်လည်း အဆိုပြုချက်များ အနက် အဖြူရောင်ကျောက်တုံးများဖြင့် တည်ဆောက်ထားသည့်အတွက်ကြောင့် လည်းကောင်း ၊ သမ္မတကြီး အနေဖြင့် မော်ကွန်းတင်လိုခြင်းကြောင့် လည်းကောင်း အိမ်ဖြူတော်ဟု သတ်မှတ် လိုက်ကြလေသည်။ 

အိမ်ဖြူတော်သို့ ပထမဆုံး ပြောင်းရွှေ့လာပြီးနောက် ဂျွန်အဒမ်စ် သည် သူဧ။် ဇနီး အဘီဂေးလ် ထံ စာပို့ရာတွင် အိမ်ဖြူတော်နှင့် ပတ်သက်ရ်ျ အောက်ပါ ဆုတောင်း စကားကိုလည်း ထည့်သွင်း ရေး သား ခဲ့လေသည်။ 

ဒီ အိမ်တော်ပေါ်ကို ကောင်းကင်ဘုံက အမြင့်မြတ်ဆုံးသော ကောင်းချီးပေးခြင်း ခံရစေ ကြောင်း ငါဆုတောင်းတယ်။ အဲ့ဒီအခြင်းအရာ အားလုံးဟာ ထာဝရ ကိန်းအောင်းတည်ရှိနေပါစေ။ တိုင်းပြည် အပေါ်မှာ ရိုးသားဖြောင့်မတ်စွာ သစ္စာရှိပြီး ပညာရည် ပြည့်ဝသော သူများမှ တပါး အခြားသူများ ဒီအမိုးအောက်မှာ တိုင်းပြည်အာဏာကို စွဲကိုင်အုပ်ချုပ်တာမျိုး မရှိပါစေနဲ့ ...

ဟူရ်ျ ဖြစ်လေသည်။ အဆိုပါစာသားကို ( 32 ) ဦးမြောက် သမ္မတ ဖြစ်သူ ဖလန်ကလင် ဒီလာနို ရုစဗဲ့ လက်ထက်တွင် အိမ်ဖြူတော်အတွင်းရှိ နိုင်ငံတော် ညစာ စား ခန်းမဧ။် နံရံ ပေါ်တွင် ရေးထွင်းရ်ျ မော်ကွန်း တင်ခဲ့လေသည်။

စားကိုး .... ၀ီကီဒီပီးယား

Comments

Popular posts from this blog